Local News

မန္တလေးကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ် ဇွန်လဒုတိယပတ်တွင် နှမ်းသီးနှံဈေးနှုန်းမြင့်တက်လာ

Last Updated:

စစ်ကိုင်း၊ရွှေဘို၊ဝက်လက်ဘက်မှ နှမ်းနက်များဝင်ရောက်နေပြီးတရုတ်ဝယ်လက်မှဝယ်ယူနေကြောင်း၊ ကျောက်ဆည်၊ကူမဲ၊မြစ်သား၊သဲတောဘက်မှ နှမ်းဖြူနှင့် နှမ်းညိုများဝင်ရောက်၍ ရန်ကုန်ဝယ်လက်နှင့် ဆီစက်သမားများမှ ဝယ်ယူနေကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။   

နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၁၉၅၀၀၀မှ ၂၂၀၀၀၀ဖြစ်ပြီး၊ ယခင်တစ်ပတ်ကျပ် ၂၁၀၀၀၀မှ ၂၂၀၀၀၀၊ ယခင်လကျပ် ၁၈၀၀၀၀မှ ၂၂၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်တစ်အိတ်လျှင် ၁၀၀၀၀နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၁၅၀၀၀မြင့်တက်လာသည်။

နှမ်းဖြူ ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၁၇၅၀၀၀မှ ၁၈၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၆၃၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ်လျှင်ကျပ် ၁၂၀၀၀မှ ၁၇၀၀၀ ဈေးမြင့်တက်လာသည်။

နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းများမှ ယခုတစ်ပတ်ကျပ် ၁၆၈၀၀၀မှ ၁၇၀၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ်ကျပ် ၁၅၃၀၀၀မှ ၁၅၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News